facebook မှာဖတ်ဖို့  Likeခဲ့ပါ

မန်ဘာလေးဝင်ပြီးအားပေးနော်

Friday, 18 April 2014

(face lock screen) Luxand Blink!pro

 ကဲသူငယ်ချင်းတို့ ရေ...နေကောင်းလား...သာယာသောနေ့ လေးဖြစ်ပါစေနော်
ဒီတစ်ခါလက်ဆောင်ပေးချင်တာကတော့...(old software)အဟောင်းလေးတစ်ခုပါ...သိပြီးသားသူတွေ...လည်းရှိပါလိမ့်မယ်..မသိသေးတဲ့သူတွေလည်းပါ ပါလိမ့်မယ်..ဒီတော့ လိုအပ်တဲ့သူတွေ အတွက် မျှဝေလိုက်ပါတယ်....

မိမိတို့ ကွန်ပျူတာကို...မိမိမျက်နှာဖြင့်လော့ပိတ်ပြီး..မိမိမျက်နှာဖြင့်သာလော့ ဖွင့်နိုင်တဲ့ ဆော့ဝဲလေးပါ....ဆော့ဝဲနာမည်ကတော့ (face lock screen)Luxand Blink! pro ပါ။
pro ဆိုပေမဲ့ full ဖြစ်ဖို့  activation key ပါထည့်ပေးထားပါတယ်...
ဆိုတော့ကာလိုချင်ရင်တော့ အောက်ကလင့်မှာသွားယူလိုက်ပါ

                                                     ဒီမှာသွားယူ 

                                            

                    Activation Key;  Name: bidrohi
                                          Serial: D5F7-84BC-C4CD


  အားလုံးအဆင်ပြေမှာပါ သုံးနည်းကလည်းလွယ်ပါတယ်...ရှင်းမပြတော့ဘူးနော်
ကိုယ်တိုင်လုပ်ကြည့်လိုက်...မသုံးချင်တော့ရင်လည်း Disable ပြန်လုပ်ထားပြီး သုံးချင်တဲ့ အချိန် Enable ပြန်လုပ်လိုက်ရုံပါပဲ......
အာလုံးကိုကျေးဇူးတင်ပါတယ်...
အပန်းမကြီးဘူးဆိုလျှင် Facbook page လေးကို Likeခြင်းအားပေးပေးပါ......

Friday, 11 April 2014

Driver Magician Lite 4.21 + Crack/Serial Full Version

ကဲသူငယ်ချင်းတွေကို...ဒီတစ်ခါမိတ်ဆက်ပေးမှာကတော့...သူငယ်ချင်းတို့ ရဲ့ကွန်ပျူတာထဲမှာရှိတဲ့
driversတွေကိုပြန်backupလုပ်ပြီး သိမ်းထားနိုင်တဲ့ Driver Magician lite လေးနဲ့ဖြစ်ပါတယ်..
Driver ဆိုတာ ကွန်ပျူတာအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတွေပါ... ကွန်ပျူတာ ဝယ်ကတည်းက ဝင်းဒိုးအခွေမပါရင် (မရှိရင်) သူငယ်ချင်းတို့  ကွန်ပျူတာဝင်းဒိုး ပြန်တင်တဲ့အခါ drivers တွေ မစုံတော့ပါဘူး...ဝင်းဒိုးတင်ပြီးရင် Driversတွေ လိုက်ရှာပီး ပြန်းဒေါင်းမနေရအောင် ဒီကောင်လေးနဲ့ backupလုပ်ပီးသိမ်းထားလိုက် ။Size သေးသေးလေးမို့  ကွန်မကောင်းလည်း ဒေါင်းလို့ ရနိုင်ပါတယ်KB
sizeလေးပါ...သုံးနည်းကလည်းလွယ်လွယ်လေးမို့  ရှင်းမပြတော့ဘူးနော်..လိုချင်တယ်ဆိုရင်
ဒီနေရာမှာဒေါင်းလိုက်ပါ....

ဒေါင်းလုဒ်ယူနည်း====ဒေါင်းလုဒ်linkကိုကလစ်ပါ။
                               ၅ စက္ကန့် စောင့်
                               (Skip AD)ကိုနှိပ်ပြီးဒေါင်းပါ။

အားလုံးအဆင်ပြေပါစေ......

Wednesday, 9 April 2014

Green Alienware Skin Pack

ကဲ..သူငယ်ချင်းတို့ ရေ အားလုံးပဲ..မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေဗျာ...
ဝင်ဒိုးကို အလှဆင်ဖို့  စိတ်ဝင်စားတဲ့သူတွေ အတွက် အစိမ်းရောင် Alienware skin packလေး
နဲ့  မိတ်ဆက်ပေးပါ့မယ်...ဒီကောင်လေးကတော့ window 8 နဲ့  window 7သမားတွေအတွက်ပဲ
အလုပ်လုပ်ပါတယ်...ဒီကောင်လေးကို သုံးမယ်ဆိုရင် မိမိစက်ထဲမှာ ပါတဲ့ skin packကို uninsallလုပ်ရပါ
မယ် မိမိစက်ထဲမှာမပါရင်တော့ လုပ်စရာမလို ပါဘူး ..ပြီးရင် တခြားဖွင့်ထား ဖိုင်တွေ ပရိုဂရမ်တွေ လည်း ပိတ်ထားလိုက် ။ခုတင်ပေးမှာက offline insallerလေးဖြစ်လို့  အင်တာနက်လိုင်းရှိဖို့ မလိုပါဘူး....
အင်တာနက်လိုင်းချိတ်ထားလည်းရပါတယ် ။ပြီးရင် အင်စတော လုပ်လိုက်ပါ နောက်ဆုံး finishကိုရောက်
ရင် roboot now နဲ့ reboot later မှာ reboot now ဆိုပြီး finish လုပ်ပါ...ဝင်းဒိုးပြန်တက်လာရင်
ဘယ်လိုလေးလန်းတယ်ဆိုတာကိုတော့ အောက်မှာလေ့လာ ကြည့်ပါ...

စိတ်ဝင်စားလို့ လိုချင်တယ် လုပ်ချင်တယ်ဆိုရင်...

window 7 သမားတွေက ဒီနေရာမှာဒေါင်းလုဒ်ယူပါ
window 8 သမားတွေက ဒီနေရာမှာ ဒေါင်းလုဒ်ယူပါ

ကဲသူငယ်ချင်းတို့  အဆင်ပြေမယ်လို့  မျှော် လင့်ပါတယ်...see uနော်...

My Christmas Skin pack

သူငယ်ချင်းများ အားလုံး မင်္ဂလာပါ....အားလုံးနေကောင်းကြတယ်မဟုတ်လား..
သူငယ်ချင်းတို့ အတွက် လက်ဆောင်လေးတစ်ခုယူလာတယ်...အားလုံးစိတ်ဝင်စားမယ်လို့ 
ထင်ပါတယ်...သူငယ်ချင်းတို့ ရဲ့ ကွန်ပျူတာလေးတွေကို လှလှလေး ဖြစ်အောင်ဖန်တီးဖို့ 
My Christmas Skin Pack လေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်....
 ဒီကောင်လေးကwindow 7နဲ့ window 8 တွေမှာ အလုပ်လုပ်ပါတယ်
ဒီကောင်လေးကိုသုံးမယ်...ဆိုရင်...အရင်မိမိစက်ထဲမှာရှိတဲ့(ရှိခဲ့ရင်)skin packကို uninstall လုပ်လိုက်ပါ။
တခြား ဖွင့်ထားတဲ့ ပရိုဂရမ်တွေ ပိတ်လိုက်ပါ။ပြီးရင် install လုပ်ပါ...reboot လုပ်ခိုင်းရင် လုပ်လိုက်ပါ...
ဝင်းဒိုးပြန်တက်လာရင် ဝင်းဒိုးမှာအောက်ကပုံ အတိုင်း လန်းနေတာကိုတွေ့ ရပါလိမ့်မယ်...
လုံးဝ ဖလမ်းဖလမ်းပဲ...
                         
ကဲ..စိတ်ဝင်စားလို့  လုပ်ချင်တယ် လိုချင်တယ်ဆိုရင်  အောက်ကလင့်မှာ ဒေါင်းလုဒ်ယူပါ။

window 7အတွက် ဒီနေရာမှာဒေါင်းပါ
window 8အတွက် ဒီနေရာမှာဒေါင်းပါ

အားလုံးအဆင်ပြေမယ်လို့ မျော်လင့်ပါတယ်...နောက်ထပ်အလန်းလေးတွေ လိုချင်ရင် တင်ပေးပါဦးမယ်..
ကျနော်စုထားမိသလောက်လေးပေါ့...

Friday, 14 March 2014

ဟိုး...အရင်က အဖေနဲ့ ကျွန်တော်


ဟိုး.....အရင်က အဖေနဲ့ ကျွန်တော်
အပျော်တွေနဲ့ လက်တွဲခဲ့ကြဖူးတယ်
ခက်ခဲမှုဆိုတာတွေကို
နက်နဲမှုထူထည် မေတ္တာတွေခြယ်ပြီး
ချစ်စဖွယ်အပြုံးနဲ့  ကျော်ဖြတ်ခဲ့တယ်...

တနေ့ မှာပေါ့
ဆည်းဆာရောင်ဖျော့ဖျော့ညနေခင်း
အဖေ သီချင်းလေးညည်းပြတယ်..
လူတွေရဲ့သဘော တိမ်တွေလိုမျောရင်း
ခြေချင်းလိမ်နေတဲ့မာယာသမုဒ်
ဟန်လုပ်ပြီး ပြုံးတတ်ကြတယ်..
သားရေ....
လူတွေဘယ်လို အရောင်ဆိုးဆိုး
တန်ဖိုးမလျော့အောင်နေတတ်ရတယ်..
လူရဲ့တန်ဖိုး...အဖေဘယ်လို စံထိုးသလဲ..
ဆင်းရဲနဲ့ ချမ်းသာ ဖန်လာတာ ကံတရား
ပါစပ်မှာဘုရား လက်က အဂတိများသူ
တန်ဖိုးရှိသူမဆိုဘူးသား....

သူသူငါငါ လူတကာပေါ်
ကောက်ကျစ်ကင်းကွာ ရိုးသားစွာနဲ့ 
ဖေးမကူညီ ဖြူသည်စိတ်ထား
ထိုသူအား တန်ဖိုးရှိသူခေါ်တယ်သား...

အဖေဆိုပြဖူးတဲ့သီချင်း
ညနေခင်းတိုင်မှာ ကြားယောင်
ညအမှောင်မှာ ကိုယ်တိုင်ညည်းလို့ 
မျက်ရည်တွေ့  စို့ ခဲ့ရတယ်....

ဟိုး....အရင်က အဖေနဲ့  ကျွန်တော်
လက်တွဲကာ အဖေခေါ်တော့
အဖေ့ကိုမော့လို့ ကြည့်မိတယ်...
အဖေ...ဖြစ်စေချင်တာတွေကို
ပုံပြင်တွေလိုပြော သူမမောခဲ့ရှာဘူး....

အဖေ့မျက်ဝန်းတွေညိုလာတယ်
ညိုရာကတဖြေးဖြေးမဲလို့ ...
အဖေမျက်ရည်တစ်ခါစို့ ခဲ့တယ်..
သူသိနေတယ်တဲ့ ...

သား..အဖေတို့  ဆည်းဆာအတူကြည့်ခဲ့တာ
မှတ်မိသေးလားသား...
အဖေ့စကားအဆုံး..ကျနော် မျက်လုံးလေးမှိတ်
ခေါင်းညိတ်ပြုံးပြခဲ့တယ်....
အဖေးကျေနပ်စွားပြုံးအပြီး
တိမ်မဲကြီးတွေ မြေပေါ်ကျ
အဲဒီညက အဖေနဲ့ ကျွန်တော်
စကားသံတွေ နောက်ဆုံးအနေနဲ့ 
အိပ်ပျော်ခဲ့ကြတယ်...

ဟိုး...အရင်ကအဖေနဲ့ ကျွန်တော်
အပျော်တွေနဲ့ လက်တွဲခဲ့ကြဖူးတယ်......
ဟိုး.....အရင်က အဖေနဲ့ ကျွန်တော်
အပျော်တွေနဲ့ လက်တွဲခဲ့ကြဖူးတယ်
ခက်ခဲမှုဆိုတာတွေကို
နက်နဲမှုထူထည် မေတ္တာတွေခြယ်ပြီး
ချစ်စဖွယ်အပြုံးနဲ့  ကျော်ဖြတ်ခဲ့တယ်...

တနေ့ မှာပေါ့
ဆည်းဆာရောင်ဖျော့ဖျော့ညနေခင်း
အဖေ သီချင်းလေးညည်းပြတယ်..
လူတွေရဲ့သဘော တိမ်တွေလိုမျောရင်း
ခြေချင်းလိမ်နေတဲ့မာယာသမုဒ်
ဟန်လုပ်ပြီး ပြုံးတတ်ကြတယ်..
သားရေ....
လူတွေဘယ်လို အရောင်ဆိုးဆိုး
တန်ဖိုးမလျော့အောင်နေတတ်ရတယ်..
လူရဲ့တန်ဖိုး...အဖေဘယ်လို စံထိုးသလဲ..
ဆင်းရဲနဲ့ ချမ်းသာ ဖန်လာတာ ကံတရား
ပါစပ်မှာဘုရား လက်က အဂတိများသူ
တန်ဖိုးရှိသူမဆိုဘူးသား....

သူသူငါငါ လူတကာပေါ်
ကောက်ကျစ်ကင်းကွာ ရိုးသားစွာနဲ့ 
ဖေးမကူညီ ဖြူသည်စိတ်ထား
ထိုသူအား တန်ဖိုးရှိသူခေါ်တယ်သား...

အဖေဆိုပြဖူးတဲ့သီချင်း
ညနေခင်းတိုင်မှာ ကြားယောင်
ညအမှောင်မှာ ကိုယ်တိုင်ညည်းလို့ 
မျက်ရည်တွေ့  စို့ ခဲ့ရတယ်....

ဟိုး....အရင်က အဖေနဲ့  ကျွန်တော်
လက်တွဲကာ အဖေခေါ်တော့
အဖေ့ကိုမော့လို့ ကြည့်မိတယ်...
အဖေ...ဖြစ်စေချင်တာတွေကို
ပုံပြင်တွေလိုပြော သူမမောခဲ့ရှာဘူး....

အဖေ့မျက်ဝန်းတွေညိုလာတယ်
ညိုရာကတဖြေးဖြေးမဲလို့ ...
အဖေမျက်ရည်တစ်ခါစို့ ခဲ့တယ်..
သူသိနေတယ်တဲ့ ...

သား..အဖေတို့  ဆည်းဆာအတူကြည့်ခဲ့တာ
မှတ်မိသေးလားသား...
အဖေ့စကားအဆုံး..ကျနော် မျက်လုံးလေးမှိတ်
ခေါင်းညိတ်ပြုံးပြခဲ့တယ်....
အဖေးကျေနပ်စွားပြုံးအပြီး
တိမ်မဲကြီးတွေ မြေပေါ်ကျ
အဲဒီညက အဖေနဲ့ ကျွန်တော်
စကားသံတွေ နောက်ဆုံးအနေနဲ့ 
အိပ်ပျော်ခဲ့ကြတယ်...

ဟိုး...အရင်ကအဖေနဲ့ ကျွန်တော်
အပျော်တွေနဲ့ လက်တွဲခဲ့ကြဖူးတယ်......

ခွင့်သာခိုက်မှ မလိုက်ချင်လျှင် ( လယ်တီဆရာတော် )



-

ငါးအာရုံအင်အစု ခင်မှုနှင့်နေ့ကုန်၊

နင်ယခုမေ့ပုံလို တွေ့မကြုံစခန်း၊

ပယ်လေးဝသောကဘုံမှာ မျောရရုံရှိတော့ကမန်း၊

အောက်အဝီစိသောင်းအငူမှာ ခေါင်းမပြူစတမ်း။

-

နှစ်အရှည်နစ်မည့်လမ်းကိုလ နင်မျှော်စမ်းနင့်ကို၊

ဒေသနာထင်အလင်းရယ်နှင့် နင်အဖျင်းပိုထက်သာပို၊

ဒီလောဘစရိုက်အိုကို မလိုက်လိုရှောင်ပစ်လို့၊

နောင်အသစ်တကယ်ပြင်လျှင် ကောင်းဖို့အစဉ်။

-

ခွင့်သာခိုက်မှ မလိုက်ချင်လျှင်

အမိုက်နင့်ပြင် ရှိသေးလေလိမ့်မလား၊

ခွင့်သာဆဲမှ မခဲချင်လျှင်

အလွဲနင့်ပြင် ရှိသေးလေလိမ့်မလား၊

ခွင့်သာတုန်းမှ မရုန်းချင်လျှင်

အရှုံးနင့်ပြင် ရှိသေးလေလိမ့်မလား။ ။

-
(လယ်တီဆရာတော်ဘုရားကြီး)
တေးထပ် ကဗျာ။